ရှာဖွေရန်

မကြီးပွား မချမ်းသာ လွန်စွာဆင်းရဲတတ်ခြင်း၏ အကြောင်းတရား ၆ ချက် ဥပဒေဇယားကွက်

၁။စားကာအိပ်ကာငေးမှိုင်ကာဖြင့် ကြောင့်ကြဗျာပါဒ မရှိမူ၍ အလွန်ပျင်းရိခြင်း။
၂။ကာမဂုဏ်ကြိုက် တဏှာမိုက်ကို အလိုလိုက်မှား မြူးပျော်ပါး၍ မ,လိုက်စားခြင်း။
၃။မကြာမကြာ ဆရာကိုပင့်ခေါ်၍ သင့်လျော်ရာမေးပြီး ဆေးဝါးဓါတ်စာတို.ဖြင့်၎င်း၊အနိပ်အနင်းတို.ဖြင်း၎င်း၊မပြတ်ကုသထာဝရ အစဉ်အမြဲရောဂါစွဲခြင်း။
၎။တပါးသောနိင်ငံ မြို.ရွာတို. သို.သွားလာကူးသန်းစုံးစမ်းခြင်း မရှိမူ၍မိမိဇာတိဖြစ်သော နေရပ် နေအိမ်ကို မခွာမစွန်.နိင်အောင်စွဲလန်းခင်မင်ခြင်း။
၅။မိမိ၌ ကိုယ်ပိုင်ရရှိပြီးသော ဥစ္စာစည်းစိမ်နှင့်ပင်တင်းတိမ်ရေင့်ရဲခြင်း။၆။ဆောင်ရွက်ရန်အမူကိစ္စတို့ ၌ ရဲရဲဝံ၀ံ စွန်.စွန်.စားစားမရှိဘဲကြောက်ရွံတွန်.ဆုတ်ခြင်း။

( ဟိတောပဒေ ဘာသာပြန်)

ဒါနဥပပါရမီ သွေးလှုဒါန်းရန်နိုးဆော်လွှာ

ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို့၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။
စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစ္စည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း နိဗ္ဗာန်ဟူသော ငြိမ်းအေးရာသည် ထိုသူတို့အဖို့ လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစ္စည်းရှားပါးနေတတ်သည်။ ထို့ပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။ အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို့အတွက် နိဗ္ဗာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို့အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။ ယခုအခါတွင် ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်သော မြင့်မြတ်ဖြူစင် သွေးလှူရှင် အသင်းသည် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် ၄.၁၀.၂၀၀၉(တနင်္ဂနွေနေ့) တွင်စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ ပြုလုပ်ကြပါမည် ။ ပါဝင်လှူဒါန်းလိုသူ သဒ္ဓါကြည်လင် စေတနာရှင်အပေါင်းတို့အနေဖြင့် မိမိတို့စွမ်းအားရှိသမျှ ဒါနဥပပါရမီ ဖြည့်ဆည်းနိုင်ကြပါစေခြင်း အလို့ငှာ ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင်၎.၁၀.၂၀၀၉(တနင်္ဂနွေနေ့)၌ သွားရောက်၍ လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်ခင်ဗျား။

ဘုရား တရား သံဃာ

ဘုရား တရား သံဃာ ရတနာသုံးပါးကို
ကိုးကွယ်ပြီး ၊ အရိယသစ္စာလေးပါးကို
သိမြင်သူရဲ့ ကိုးကွယ်မှုသာလျှင်
ငြိမ်းချမ်းတယ်၊ မြတ်တယ်၊
ဆင်းရဲအားလုံးမှ လွတ်စေနိင်တယ်..

သည်းခံခြင်း အကျိုး

လူအများချစ်မြတ်နိုးခံရခြင်း
ရန်မများခြင်း၊
အပြစ်မများခြင်း၊
မကြမ်းကြုတ်ခြင်း၊
နောင်တ မရ.ရခြင်း၊
မတွေမဝေသေရခြင်း၊
နတ်ပြည်ရောက်ရခြင်း၊

မဟာစည်သြ၀ါဒ

နှစ်သက်မြတ်နိုးအပ်တဲ့ သက်ရှိသက်မဲ့အာရုံတွေကို
ရိုသေနေကြရတာဟာ ကြွေးရှင်တွေကို ရိုသေနေကြတာနဲ့ တူပါတယ်...
ဘယ်သူ့ ကိုမှ ဘယ်အရာကိုမှ နှစ်သက်ခင်မင်မူမရှိတော့ဘူးဆိုရင်
ဘယ်သူကိုမှ ၊ ဘယ်အရာကိုမှရိုသေဖို့ မလိုတော့ဘူး...
ကြွေးဆပ်ပြီးတဲ့အခါ ကြွေးရှင်ကို မရိုသေရတော့သလို
လွတ်လပ်သွားတာပါဘဲ...


မဟာစည်ဆရာတော်ဘုရားကြီး

သိစရာ တွေးစရာ

ကိုယ်ဘ၀မှာ အခက်အခဲတစ်ခု
သို့ မဟုတ် ဒုက္ခ တစ်ခုကို ထပ်ခါထပ်ခါ ကြုံနေရရင်ကိုယ်တစ်ခုခုမှားနေပြီး
စိတ်နေသဘောထားဖြစ်ချင်ဖြစ်မယ်
ပြောပုံဆိုပုံဖြစ်ချင်ဖြစ်မယ်
လုပ်ပုံကိုင်ပုံ မှားနေတာလည်းဖြစ်နိင်တယ်
မလုပ်သင့်တာကိုလုပ်နေလို့ ဖြစ်မယ်
မစားသင့်တာကိုစားနေလို့ ဖြစ်မယ်
မတွေးသင့်တာကို တွေးနေလို့ လည်း ဖြစ်နိင်တာဘဲ
ဒုက္ခတွေက အမှားပြင်ပါလို့ 
ကိုယ့်ကိုပြောနေတယ်

ဘုရားစကား

မိမိသည်သာလျှင် မိမိ၏
အားကိုးရာဖြစ်၏။
အခြားသောသူသည်
အဘယ်မှာလျှင်မိမိ၏
အားကိုးရာဖြစ်နိင်ပါမည်နည်း
မိမိကိုယ်ကို
ကောင်းစွာဆုံးမဖြင့်ဖြင့်
ရခဲသောအားကိုးရာကို
ရနိင်ပေသည်။

လောကနီတိ

မရနိင်တာကို တောင့်တလျှင်
စိတ်ဆင်းရဲခြင်းသာ အဖတ်တင်မည်။
မကြံစည်အပ်သည်ကိုကြံစည်လျှင်
ဦးနှောက်ခြောက်ရုံသာရှိမည်။
တရားဓဓ္ဓနင့်ဆက်စပ်သောအတွေးများကိုသာတွေးပါ။
အချိန်မဖြုန်းပါနှင့်။
အချိန်သည်အဖိုးတန်သည်။

ဓ မ္မ ဒူ တ သြ ၀ါ ဒ




အလုပ်နည်းနည်း အခွင့်အရေးကများများ ( သို့ မဟုတ် )
အကျိုးများများလိုချင်လို့ တော့မရနိင်ပါ။

မိမိလုပ်သလောက်သာအကျိုးရနိင်ပါတယ်။
မိမိလုပ်သလောက်ထက် ပိုရချင်လို့ တော့မရနိင်ပါ။

အလုပ်မလုပ်ဘဲ အခွင့်အရေးယူချင်ရင်
အရည်းအချင်းမရှိတဲ့ အတွက်
ခဏလေးနဲ့ ပြုတ်ကြမှာပါ။
Related Posts Plugin for WordPress, Blogger...